''အဖြေပေးပါတော့ကွယ်''ဟု ကိုခန့် က ဝံ့စားစွာ
ပြောသည်။
မာလာချိုက မည်သည့်စကားမှ မပြောဘဲ ပြုံးယောင်သာ
ပြုသည်၊ထိုအပြုံးကပင် မြင်သူငေးစရာ အလှတစ်ပါး!
''ချိုရယ်.ကိုယ့်ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတာများလားဟင်''
''ဘာတွေပြောနေတာလဲ ကိုခန့်၊ကိုယ့်ကို ကိုယ်နွားဖြစ်အောင်ပြောနေတာလား၊ကြိုးရှည်ရှည်နဲ့ လှန်တာဆိုတာ နွားကိုပြောတာ ကိုခန့်ရဲ့''
''အဲဒါကို ကိုယ်သိပါတယ်၊ဒါပေမယ့် ခိုင်းနှိုင်းစရာစကား
မရှိတော့လို့ပါ၊စောင့်ရတာ မောလှပြီချိုရယ်၊အဲဒါကြောင့်ပါ။
မာလာချိုက ဝေ့ကျလာသော ဆံပင်စ များကို ပင့်တင်ရင်း
''ချစ်တယ် ဆိုတဲ့စကားက ပါးစပ်က လှစ်ခနဲ ထွက်ကျလာတာဆိုပေမယ့် ရင်ထဲက ပါမှ ခိုင်မြဲတာ ကိုခန့်ရဲ့၊
အဲတော့ မာလာ့ ကို အချိန်ပေးပါဦး''
''လှည့်စားတာ မဟုတ်ရင် ပြီးတာပါပဲ မာလာရယ်''
++++++++++++++++++++++++++++++++++++
''မနေ့ ကဘယ်သွားနေတာလဲ၊ကိုထွေး ဖုန်းဆက်တာ မာလာမရှိဘူး''
''ဒီလိုပါပဲ၊ဟိုသွားဒီသွားပေါ့၊သူငယ်ချင်းတွေနဲ့''
''ချစ်သူများ ရှိနေပြီလား မာလာ''
''ဘယ်ကလာ ချစ်သူရှိရမှာလဲ၊ချစ်သူရှိမှတော့ ကိုထွေးကို ဒီလို
လက်ခံစကားပြောနေပါ့မလား၊ရှိရင် ရှိတယ်ပြောမှာပေါ့''
ကိုထွေးက
''စိတ်ပူလို့ပါ မာလာရယ်၊ချစ်သူလဲ မရှိဘူး၊ကိုထွေးကိုလည်း
ပြန်မချစ်သေးဘူးဆိုတော့ ကိုယ့်ကိုကိုယ် သိမ်ငယ်နေလို့ပါ၊
ကိုထွေးမှာ ဘာအားနည်းချက်တွေ ရှိလို့လဲ မာလာ''
''အားနည်းချက်ကြောင့် မဟုတ်ပါဘူးကိုထွေးရယ်၊အသဲနှလုံး
ကဦးနှောက်ကို သံချောင်းမခေါက်သေးလို့ပါ''
''ဒါဆို၊ဦးနှောက်နဲ့ အသဲနှလုံး စစ်ခင်းနေတာပေါ့၊ဟုတ်လား မာလာ''
''စစ်ခင်းနေတာမဟုတ်ပါဘူး၊ညှိနှိုင်းနေတာပါ''အဲတော့
''ကိုထွေးရယ်၊မာ့လာ့ကို အချိန်ပေးပါဦး''
ချစ်ခွင့် မပိုင်မီကာလ၊မျိုသိပ်ခံစားရသမျှတို့သည်
စစ်ဘုရင် ရှေ့မှောက်တွင် ပြားပြားဝပ်ခစားနေကြရရှာသော
နောက်လိုက်ငယ်သား၊သုံ့ပန့်များပမာ၊ဦးချိုငိုက်ကျ ဝပ်တွားကြရလေ၏။
++++++++++++++++++++++++++++++++++
''နင်ဘယ်သူ့ကို ရွေးနေတာလဲ မာလာချို၊ကိုခန့်ကော၊ကိုထွေးကောက ငြင်းစရာမရှိတဲ့ သူတွေပဲ၊အမြန်ဆုံး ရွေးလိုက်ပါတော့ဟာ''
သီရိက အားမလိုအားမရပြောသည်။
မာလာချိုက သိပ်မလောရဘူးသီရိရဲ့၊အေးဆေးပေါ့!!
သူတို့ကို နှိုင်းယှဉ်နေတာပါ
''ဘာကို နှိုင်းယှဉ်တာလဲ၊ဓနဥစ္စာလား၊ချစ်ခြင်းမေတ္တာလား၊ကိုယ်ကျင့်တရားလား''ဟု သီရိပြော၏။
''အားလုံးပဲဟာ၊ငါကတော့ ငါ့ကိုဘယ်သူပိုတန်ဖိုးထားလဲ သိချင်တာ''
သီရိက ''သူတို့နှစ်ယောက်ကို နင်က နှိုင်းယှဉ်ရွေးချယ်တယ်ဆို
တာ သူတို့သိရင် မကောင်းဘူးနော''
မသိလောက်ပါဘူး၊နှစ်ယောက်လုံး သူ့အလုပ်နဲ့သူ မအားကြဘူးလေ...
''မသိအောင် နင်ဘယ်လိုလုပ်လဲ''
''ဒီလိုပဲပေါ့..မာယာသုံးရတာပေါ့''
ငါခုသူတို့ကို စမ်းသပ်မယ်ဟာ၊ငါရုပ်ရှင်ကြည့်ချင်တယ်ဆိုပြီး
သူတို့ကို ချိန်းလိုက်မယ်၊''
''နှစ်ယောက်စလုံးလား၊မာလာ၊နင်ဘယ်လိုလုပ်မှာလဲ,တွေ့သွားမှ ဒုက္ခပါပဲ''
''မတွေ့နိုင်ပါဘူးဟာ၊ကိုခန့်ကို မနက်ဖြန်၊ကိုထွေးကို သန်ဘက်ခါ''
''နင့်ကိုယ်စားငါရင်ထိတိလိုက်တာဟာ''သီရိက သက်ပြင်းချရင်း ရေရွတ်မိသည်။
++++++++++++++++++++++++++++++++++++
''ဘာလို့ နှစ်ယောက်တွဲလက်မှတ်ဝယ်တာလဲ''ကိုခန့်ကို မာလာချိုက မေးသည်။
''နှစ်ယောက်အလယ်မှာ လက်တန်းခြားနေရက် ဝေးနေတယ်လို့ ခံစားရလို့ပါ''
ရုပ်ရှင်ရုံထဲရောက်သော်
မာလာချို၏လက်ခုံပေါ်သို့ ကိုခန့်က လက်မဝါးတင်သညိ၊လက်ချောင်းများကို မထိ တထိ လုပ်သည်၊ပြီးနောက် ပါးချင်းကပ်ဖို့ကြိုးသားသည်။
အမှောင်မုန်တိုင်းထဲ၌ရောင်စုံအကိုင်းအခတ်တို့ မညှိစွန်းအောင်စွမ်းဆောင်ရသည့် အတတ်ပညာထဲမှာလည်း
မာယာလိုပေသည်။
''ကိုခန့်...ချိုအထင်သေးအောင် မလုပ်နဲ့နော်''
ထိုစကားတစ်ခွန်းသည် မြှားတစ်စင်းခွင်းလိုက်သကဲ့သို့
သိသိသာသာသက်ရောက်သွားပေသည်။ကိုခန့်၏အမှောင်မုန်တိုင်း၊လက်ချောင်းရိုင်းများငြိမ်သက်သွားစေသည်။
ရုပ်ရှင်ရုံထဲမှထွက်တော့
အအေးဆိုင်ထိုင်ကြသည်၊မာလာချိုက ကို ခန့်အားတန်းအဖြေပေးလိုက်သည်၊
''နင့်ကို ငါ မုန်းတယ်''
++++++++++++++++++++++++++++++
နောက်နေ့ ရုပ်ရှင်ရုံသို့ မဝင်မီ ကိုထွေး၏လက်ထဲမှ လက်မှတ်ကြောင့် မာလာချို ပြုံးမိသည်။
ရုပ်ရှင်ရုံထဲသို့ရောက်သော် မာလာချိုက
''နောက်ဆုံးတန်းမှာ ဘာလို့ မဝယ်တာလဲ ကိုထွေးရဲ့''
''အဲဒါ သမီးရည်းစားတွေ ထိုင်တာ ချိုရဲ့၊ချိုနဲ့ ကိုထွေးက
သမီးရည်းစားတွေ မဟုတ်သေးဘူးဆိုတော့ ချို့ သိက္ခာကို
ထိခိုက်မှာစိုးလို့ပါ''
''ကောင်းပါတယ်''မာလာချိုက ပြုံးရင်းပြောသည်။
''ကိုထွေးလက်ကို မာလာချိုက ထိကြည့်သည်၊ကိုထွေးက မသိမသာ လွှဲဖယ်သည်၊ကိုထွေး၏ ပခုံးကို မာလာချိုက မှီသယောင်ပြုသည်၊ကိုထွေးက မသိမသာ ကိုယ့်ကိုယို့ပြီဖယ်သည်။ရုပ်ရှင်ဇာတ်ကားအကြောင်းသာ
ဝေဖန်ပြောဆို နေလေတော့သည်။
ရုပ်ရှင်ရုံမှ ထွက်သော်
အအေးဆိုင်ထိုင်ကြသည်။မာလာချိုက ကိုထွေးကို
တန်းအဖြေပေးလိုပ်သည်။
''ကိုထွေးကို မာလာချစ်တယ်''
+++++++++++++++++++++++++++++++++++
''ဟေ့ကောင်၊ကိုခန့်၊မင်းကျေနပ်တယ်၊ကြည်ဖြူပါတယ်နော်''
''ကျေလည်းကျေနပ်တယ်၊ဝမ်းလည်းသာတယ်ကွာ၊ငါမရတဲ့
မာလာချိုကို တခြားလူ ရသွားတာမှ မဟုတ်ဘဲ၊ငါ့သူငယ်ချင်း
မင်းရတာပဲ၊ငါတကယ်ပျော်တယ်၊ကိုထွေး။
''မသိပါဘူးကွာ၊မင်းများ နှမြောနေမလားလို့ပါ''
''မနှ့မျောပါဘူးကွာ၊ငါညံ့လို့ ငါခံရတာပဲ''
''ဘာပဲဖြစ်ဖြစ်၊မင်းကို ကျေးဇူးတင်တယ် ကိုခန့်၊မင်းအရေးယူ
ခံလိုက်ရတဲ့ ကိစ္စငါ့ကိုပြောပြမထားရင် ငါလည်း မာလာချိုကို
ပြစ်မှားမိမှာပဲ၊ခုတော့ မင်းဆီက သတင်းကြိုရတော့
ငါလူရိုးလေး လုပ်ပြလိုက်တာပေါ့ကွာ၊ငါလုံးဝ မင်းကို
ကျေးဇူးတင်ပါတယ်ကွာ''
''အေးးကျေးဇူးတင်ရင်၊ပါးစပ်နဲ့ တင်မနေနဲ့၊လက်နဲ့ လာတင်''
''ကဲ..ဘယ်လိုတင်ရမလဲပြော''
''ပြောဖို့လိုသေးလား၊ဘော်ဒါတွေ စုံစုံလင်လင်၊ဝမ်းတေဘယ်လ် ပေါ့ကွာ၊ဟုတ်ဘူးလား''
''အေး၊ဟုတ်ပီ၊ဒါပေမယ့် အဲကိစ္စ လုံးဝ လျှို့ဝှက် ဝမ်းတေဘယ်လ် နော်''
''အေးပါ၊စိတ်ချ၊လုံးဝမပေါက်ကြားစေရဘူး၊ကဲ..ငါဖုနါးချလိုက်တော့မယ်၊အလုပ်များနေလို့''
''အိုကေ..နောက်မှအေးဆေးတွေ့မယ်၊ဒါပဲ''
''အိုကေ''
ကိုထွေးရော၊ကိုခန့်ပါ ဖုန်းကိုယ်စီ ချလိုက်ကြသည်။
''မာလာချိုကတော့ ကိုထွေးဖုန်းအဆက်ကို မျှော်နေလေတော့သည်''''
မောင်လှမျိုး(ချင်းချောင်းခြံ)
No comments:
Post a Comment