အမေ......
လောကဓံ မိစိမ်းကား
ဗီလိန်မင်းသားနဲ့တွဲပြီး
သားရဲ့အသည်းကို ခွဲခြွေ
သွေးရဲတွေအလီလီကျ
နာကျင်လှချည်ရဲ့.....အမေ ။
ရွှေမဖြစ်
ငွေမဖြစ်
အမေချစ်တဲ့.....သား
ကဗျာဓားကို ကိုင်ဆွဲပြီး
ယိုင်လဲ့တဲ့ ဓနိမိုးအောက်
`တက်´ ခေါက်ခဲ့မိပေါ့ ။
စိတ်ညစ်တဲ့အခါတိုင်း
ချစ်သူရဲ့ မျက်လုံးဝိုင်းဝိုင်းလေးကို မမြင်
အမေနဲ့သာ တွေ့ချင်တယ်။
မကြည်လင်တဲ့ ရေအနောက်တွေသောက်
ရွှေယောက္ခမ ငြူစူ
အပူသောက, မငြိမ်း
( ဟောဒီ လူ့လောကထဲမှာ )
သားဟာ.....သူစိမ်းတစ်ယောက်လိုပဲ...အမေ ။
ပြေလည်တာ မသိ
ရွှေဝယ်စရာ မရှိ
အသေအခြာ ဆန်းစစ်ကြည့်တိုင်း
ကဗျာသမား....အမေ့သား
နင်း ပြား ပါ....အမေ ။
ဘဝဆိုတာ
ဗွီဒီယိုအခွေလို
လိုချင်ရာ ပြန်ရစ်
ဆန်းစစ်ဖို့ အချိန်ရရင် .....
အိမ်ခဏပြန်ချင်တယ်.....အမေ ။ ။
မောင်လှမျိုး ( ချင်းချောင်းခြံ )
No comments:
Post a Comment